Wednesday, June 30, 2021

Ransomware ဆိုတာဘာလဲ? ......

 Ransomware ဆိုတာဘာလဲ? ......

💥💥 Ransomware သည် ထုံးစံအရ endpoint တစ်ခုထံ ကူးစက်ရန် နှင့် ကွန်ယက်အတွင်း ထိုးဖောက်ဝင်ရောက်ရန် spam သို့မဟုတ် အလိမ်အညာအီးမေးလ်များ မှတဆင့် ပျံ့နှံ့ပြီး ဝက်ဘ်ဆိုဒ်များ သို့မဟုတ် သတိမထားမိသော ဒေါင်းလုတ်များ အားဖြင့်လည်း ပျံ့နှံ့သည်။ နေရာ ရသည်နှင့် ransomware သည် စကားဝှက်အားကောင်းကောင်းသုံးကာ ၎င်း ဝင်ရောက်နိုင်သည့် ဖိုင်များအားလုံးအား ပိတ်ချလိုက်သည်။ နောက်ဆုံးတွင် malware သည် ဖိုင်များအား စကားဝှက်ဖြည်ရန် နှင့် ထိခိုက်ခံရသော အိုင်တီစနစ်များ အပြည့်အဝ ပြန်လည်လည်ပတ် ဆောင်ရွက်ရန် ပြန်ရွေးခတစ်ခု (ထုံးစံအားဖြင့် Bitcoins ဖြင့်ပေးနိုင်သော)အား တောင်းဆိုသည်။ အချို့ ဖြစ်စဉ်များတွင် ransomware ဆော့ဖ်ဝဲမှာ ခံရသူ၏ စက်အပေါ် ပိုမိုထိန်းချုပ်မှုရှိရန် trojan နှင့်အတူ install လုပ်ခြင်းခံရသည်။
၁ .ကူးစက်ခြင်း။
၂. KEY EXCHANGE ရယူခြင်း။
၃. စကားဝှက်ပြုခြင်း။
၄. အကြပ်ကိုင် ငွေညှစ်ခြင်း။ (ဒီအချက်ကို အများဆုံးပြုလုပ်ကြပါတယ်)
၅. Lock ပြန်ဖြုတ်ခြင်း။
Ransomware အမျိုးအစားများ....
အဓိက ransomware အမျိုးအစား နှစ်မျိုးရှိသည် – ကွန်ပျူတာ သို့မဟုတ် စက်အား ပိတ်သော Locker ransomware နှင့် ပုံမှန်အားဖြင့် စကားဝှက်ပြုခြင်းဖြင့် ဖိုင်များ သို့မဟုတ် အချက်အလက် ဝင်ရောက်ရယူမှုအား ကြိုတင်တားမြစ်သည့် Crypto ransomware တို့ဖြစ်ကြသည်။
Ransomware ရန်မှ ကာကွယ်ရန် နည်းလမ်းများ
၁။ Antivirus ဆော့ဖ်ဝဲ အား install လုပ်ပြီး ၎င်းအား up to date ဖြစ်နေစေရန် သေချာအောင်လုပ်ပါ။ (Advanced SystemCare Ultimate ၊ Iobit Malware Fighter Pro ၊ Bitdefender စသော Anti-virus များက ကာကွယ်နိုင်ပါသည်။)
၂။ စနစ်များအား up to date ဖြစ်နေစေရန် ဆော့ဖ်ဝဲ အသစ် များ အသုံးပြုပါ။
၃။ မသင်္ကာဖွယ် အီးမေးလ်မျာ (သို့) Download ဆွဲရာတွင် သတိပြုပါ။
၄။ Backup တစ်ခု အမြဲတမ်း ထားရှိပါ။ (Cloud, Drive စသော Online Storage အသုံးပြုပါ။
.leex
.weui
.sspq
.lmas
.qwex စတဲ့ .extension နဲ့ ဖိုင်တွေ ပြောင်းပြီဆိုတာနဲ့ ဒါလေးတွေ လုပ်ပါ။
၁။ ကွန်ယက်များ နှင့် စနစ်များ အား သီးခြားခွဲပြီး ပိတ် လိုက်ပါ။
၂။ Ransomware အား ရှာဖွေသတ်မှတ်ပြီး ရှင်းထုတ်ပါ။
၃။ ကူးစက်ခံစက်များအား သန့်စင်ပြီး backup များထံမှ ပြန်လည်ရယူပါ။
၄။ စကားဝှက်ဖြည် tool တစ်ခုအား ရှာပါ။
AES_NI, Alcatraz Locker, Apocalypse, BadBlock, Bart, BigBobRoss,
BTCWare, Crypt888 စသော စကားဝှက်ဖြည်တဲ့ Software များဖြင့် ပြန်လည်ရယူပါ။ (မှတ်ချက် - ကူးစက်မှု ကြာမြင့်ပါက ဖိုင်များပြန်လည်ရယူမှု နည်းနိုင်ခြေရှိပါသည်။)

No comments:

Post a Comment