"ကွန်ပျူတာတွင် ဖြစ်လေ့ရှိတဲ့ Error တစ်ချို့အကြောင်း သိကောင်းစရာ"
ဒီ Post မှာတော့ ကွန်ပျူတာမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ Error တွေ အကြောင်းကို အနည်းငယ် မျှဝေပေးချင်ပါတယ်။ ပထမဆုံး ပြောချင်တာက အပြည့်စုံဆုံး ရေးထားတဲ့ Post တစ်ခုတော့ မဟုတ်ပါဘူး။ Computer အသုံးပြုသူများနှင့် Hardware ပိုင်းကို လေ့လာနေတဲ့သူတွေအတွက် ဖြစ်လေ့ဖြစ်ထ ရှိတက်တဲ့ Error တွေအကြောင်းကို မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
Hang ခြင်း။
ကွန်ပျူတာက သုံးနေရင်းနဲ့ အလုပ်ဆက်လုပ်လို့ မရအောင် အကြာကြီး Hang ဖြစ်ဖြစ်သွားတယ်။ အဲဒါ ဘာကြောင့်ပါလဲ …။
(1) Computer Memory မကောင်းရင် Hang ဖြစ်နိုင်ပါတယ်။
(2) CUP မှာ Heat အရမ်း တက်လာရင်လည်း Hang ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခု နောက်ပိုင်း ထုတ်တဲ့ CPU တွေကတော့ နည်းပညာ မြင့်လာပါပြီ ။ အပူချိန် 80 .C လောက်ရောက်လာရင် computer ကို Auto Shut Down လုပ်ပစ်ပါတယ်။
(3) ကွန်ပျူတာမှာ Memory တစ်ချောင်းထက်မက စိုက်သုံးခဲ့မယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့ ဖြစ်နိုင်တာလဲဆိုတော စိုက်ထားတဲ့ Memory နှစ်ချောင်းက မတူညီခဲ့တဲ့ အခါမျိုးမှာ ဖြစ်နိုင်ပါတယ်။ ဥပမာ Speed , Size ….etc
(4) Software တစ်ခုခုကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့က Online ကနေ တွေ့သမျှ software တွေ ကွန်ပျူတာမှာ Install လုပ်ပြီး စမ်းကြည့်ကြတယ်။ တစ်ခါတစ်လေမှာ အဲဒီ software နဲ့ computer system နဲ့ မကိုက်ညီတဲ့ အခါမျိုးတွေမှာ ဖြစ်တက်ပါတယ်။
(5) နံပါတ် (၅) အနေနဲ့ကတော့ Low Power ပေါ့။ ပါ၀ါ ကြောင့်လဲ ဖြစ်တက်ပါတယ်။ Computer မှာ ရှိတဲ့ Pwer Supply ကလည်း အရေးကြီးတယ်ဆိုတာကို သိ့စေချင်ပါတယ်။ တစ်ချို့က စျေးသက်သာရင် ပြီးရော ဆိုပြီး တက်ကြတယ်။ လုံလောက်တော့ Watt ပမာဏ ရှိတဲ့ Power Supply မျိုးကို ရွှေးချယ်အသုံးပြုသင့်ပါတယ်။
Restart ခဏခဏကျခြင်း။
ကွန်ပျူတာ ခဏခဏ Restart ဖြစ်စေတဲ့ အကြောင်းအရင်းတွေအနေနဲ့ကတော့ …….
(1) Memory မကောင်းရင် ဖြစ်နိုင်ပါတယ်
(2) Memory တစ်ချောင်းထက်မက စိုက်သုံးရင်လည်း ဖြစ်နိုင်ပါတယ်
(3) Graphic Card (VGA Card ) Restart ဖြစ်နိုင်ပါတယ်
(4) Power Supply မကောင်းရင်လဲ ဖြစ်နိုင်ပါတယ်။ ဥပမာ AC Power အဝင်နည်းနေရင် computer က ခဏ ခဏ restart ကျသွားတက်ပါတယ်
(5) Motherboard မကောင်းရင်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို မျိုးလည်းဆိုတော့ Motherboard ဆိုတာ ခင်ဗျားတို့ သိ့တဲ့ အတိုင်း ကွန်ပျူတာ System ဖုံးကို ဖွင့်လိုက်ရင်မြင်ရတဲ့ Circuit ပြားကြီးပဲလေ။ အဲဒီ Circuit ပြားကြီးက လုံးလုံးပျက်သွားရင် ကောင်းသား။ တစ်ကယ်လို့ မပျက်ပဲနဲ့ တစ်ချို့တစ်လေ ချို့ယွင်းနေခဲ့ရင်လည်း Computer ကို Restart ခဏ ခဏ ကျသွားစေနိုင်ပါတယ်။
(6) နောက်တစ်ခုကတော့ အားလုံး သတိမထားမိတဲ့ အပိုင်းလေးပါ။ ကျွန်တော်တို့ ကွန်ပျူတာ ဆင်တဲ့ အခါမှာ Hard Disk ကို ပေးတဲ့ Power လှိုင်းနဲ့ Computer System Fun ကို ပေးတဲ့ Power လှိုင်းကို အတူတူ ထားမိရင်လည်း Restart ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သက်သက်ဆီ Power ပေးပြီး သုံးတာ ကောင်းပါတယ်။
Blank Screen or No Display ဖြစ်ခြင်း။
(1) ဒီ error မှာလည်း memory ပါပါတယ်။သူက မင်းသားပေါ့။ memory မကောင်းရင် no display ဖြစ်နိုင်ပါတယ်
(2) CPU (processor) မကောင်းရင်လည်း ဖြစ်နိုင်ပါတယ်
(3) Graphic Card မကောင်းရင်လည်း ဖြစ်နိုင်ပါတယ်
(4) Motherboard မကောင်းရင်လည်း No Display ပါ။ Monitor မှာ ဘာမှ ပေါ်မှာ မဟုတ်ပါဘူး။
(5) နောက်တစ်ခုက memory အထိုင်မကျရင် ဖြစ်နိုင်ပါတယ်။ တစ်ကယ်လို့ computer မှာ system speaker တပ်ထားခဲ့ရင်တော့ beep အသံ အနေနဲ့ (အသံရှည်) ထုတ်ပေးပါတယ်။ ( တီ !!! ……… ဆိုတဲ့ အသံရှည်ပါ)
(6) နောက်တစ်ခု Memory စိုက်တဲ့ Slot ပျက်နေရင် no display ပါ။ beep အသံ အနေနဲ့ long beep ပါပဲ။ Computer ရဲ့ beep အသံတွေ အကြောင်းကိုတော့ နောက် Post တွေမှာ ရေးပေးပါမယ်။
(7) Motherboard ပေါ်က 3Volt Battery အားကုန်နေရင်လည်း ဖြစ်တက်ပါတယ်။ ဒါပေမဲ့ တစ်ချိုု့ motherboard တွေပဲ ဖြစ်တက်ပါတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။
(
နောက်တစ်ခုက တစ်ချို့ Motherboard တွေက CMOS Setting မှာ Frequency and Voltage Control ဆိုတဲ့ Feature ပါပါတယ်။ အဲဒီမှာ ချိန်တာ မှားနေရင်လည်း ဖြစ်တက်ပါတယ်။ အဲဒါဆိုရင်တော့ လွယ်ပါတယ်။ CMOS ကို Clear လုပ်လိုက်ရင်ပြန်ကောင်းလာပါလိမ့်မယ်။ Clear လုပ်တာကလဲ လွယ်ပါတယ် Motherboard ပေါ်က CMOS Clear လို့ ရေးထားတဲ့ Jumper ကို ဟိုဘက် ဒီဘက် ပြောင်းတက်လိုက်ရင် ရပါတယ်။ ဒါမှ မဟုတ် 3Volt Battery ကို ခဏ ဖြုတ်ထားပြီး ပြန်တက်လိုက်ရင် Clear (Default) ပြန်ဖြစ်သွားပါတယ်။
Parity Error (or) Blue Screen ဖြစ်ခြင်း။
Blue Screen Error ကတော့ နားလည်ရ ခက်တဲ့ error ပါ ။ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ Error တစ်ချို့ကို အောက်မှာ ဖေါ်ပြပေးထားပါတယ်။
(1) Memory မကောင်းရင် ဖြစ်တက်ပါတယ်။ (memory က နေရာတိုင်းမှာ ပါနေတယ်ဆိုတာ သတိပြုပါ)
(2) Motherboard မကောင်းရင်လည်း ဖြစ်နိုင်ပါတယ်။
(3) Hard Drive မကောင်းရင်လည်း ဖြစ်နိုင်ပါတယ်။
(4) Software တွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။
များသောအားဖြင့်တော့ computer မှာ Blue Screen (or) Parity Error တက်လာရင် တော်တော် ကြောက်ကြတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကောင်က Hexa No တွေနဲ့ ပြတာလေ ။ လူသိ်ပ်နားမလည်နိုင်တဲ့ error တွေပေါ့ ။ လက်လှမ်းမှီသလောက်တော့ အောက်မှာ ရေးပြပေးထားပါတယ်။ တစ်ချို့ မသိ့တဲ့ error တွေဆို Hexa No ကို မှတ်ထားပြီး google မှာဖြစ်ဖြစ် ဘာကြောင့်ဖြစ်တာလဲ ဆိုတာ ရှာကြည့်ပြီး ဖြေရှင်းနိုင်ပါတယ်။
မှတ်ချက်။ ။ Blue Screen Error မှာ Hexa No တွေက တစ်ခါနဲ့ တစ်ခါ မတူပဲ အမျိုးမျိုး ပြနေရင် အဲဒါ Software တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ သံသယ ရှိတဲ့ Software ကို ဖြုတ်ကြည့်ပြီး ပြန်စမ်းကြည့်ပါ။
ရှေ့ဆုံး ဂဏန်း (1xxxx) နဲ့ စရင် Motherboard Error ဖြစ်နိုင်ပါတယ်
ရှေ့ဆုံး ဂဏန်း (2xxxx) နဲ့ စရင် Main Memory ဖြစ်နိုင်ပါတယ်။ နောက်တစ်ခု Memory ကြောင့်လား သိ့ချင်တယ်ဆိုရင် ပြတဲ့ Hexa No တွေကို မှတ်ထားပါ။ ပြီးရင် နောက်တစ်ချိန် ပြန်ဖွင့်ကြည့်ပါ။ ပထမ ပြတဲ့ No တွေနဲ့ပဲ တူနေရင် memory ကြောင့် ဖြစ်နိုင်ပါတယ််
ရှေ့ဆုံးဂဏန်း (3xxx) နဲ့စရင် Keyboard Error ဖြစ်နိုင်ပါတယ်။
ရှေ့ဆုံးဂဏန်း (5xxxx) နဲ့ စရင် Graphic Card Error ဖြစ်နိုင်ပါတယ်။
ရှေ့ဆုံးဂဏန်း (14xxxx) နဲ့ စရင် Printer Error ဖြစ်နိုင်ပါတယ်။
ရှေ့ဆုံးဂဏန်း (17xxxx) နဲ့စရင် Hard Drive Controller Error ဖြစ်နို်င်ပါတယ်။
ရှေ့ဆုံးဂဏန်း (86xxxx) နဲ့စရင် Mouse Error ဖြစ်နိုင်ပါတယ်။
Computer နဲ့ ပတ်သက်သော အခက်အခဲများကို
လူကိုယ်တိုင်လာရောက်ပြုပြင်လိုပါက
လိပ်စာ - တုသိတာလမ်း ၊ ရပ်ကွက် ၁ ၊ နယ်မြေ ၉ ၊ လားရှိုးမြို့။
No comments:
Post a Comment